သနပ်ပင် ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ကျောင်းများ စတင်ဖွင့်လှစ်သည့် ယနေ့ဇွန်လ (၂) ရက်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားမှုအား မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးစောဌေးဝင်းနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်၊ ကျေးရွာအလိုက် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများက ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းလုံခြုံရေးများ စီစဉ်ထားရှိမှုတို့ကို စစ်ဆေးကြပ်မတ်ပေးကြသည့်အတွက် ကျောင်းသား၊ ကျောင်းသူများက ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)