မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနား ကျင်းပ

မက်မန်း ဇွန် ၂

ရှမ်းပြည်နယ်၊ “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သား/သမီးများကို ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မက်မန်းမြို့နယ် မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်နှင်းယုဝေက   အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ သား/သမီးများကို  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၅)ဦး၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၂)ဦးတို့အတွက် ပညာသင်ထောက်ပံ့ကြေး၊ ကျောင်းသုံးစာရေးကိရိယာနှင့် ကျောင်းစိမ်းဝတ်စုံများကို တာဝန်ရှိသူအသီးသီးတို့မှ ပေးအပ်ခဲ့ကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။

 အေဇက်ထွန်း(မက်မန်း)