ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တောင်ကြီးမြို့၊ အခြေခံပညာကျောင်းများ၌ အပတ်စဥ်သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

တောင်ကြီး ဇွန် ၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များလိုက်ပါလျက် ယမန်နေ့ နံနက် (၈)နာရီက တောင်ကြီးမြို့၊ အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ခြင်၊ ယင်၊ ပိုးလောက်လမ်းများ မပေါက်ဖွားနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ ဆရာ၊ ဆရာမများမှ အပတ်စဥ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းရှိ သောက်ရေသန့်စက်များ ပြန်လည်ပြုပြင်အသုံးပြုနိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ အပတ်စဥ် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ ဆရာ၊ ဆရာမများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ ကျောင်းအတွင်း လှည့်လည့်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ကျောင်းအုပ်ဆရာမကြီးအားမှာကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်္ဂလာဦးရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)