လှိုင်းဘွဲ ဒီဇင်ဘာ ၁၂
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် နောင်ဘိုကြီးကျေးရွာအုပ်စု နောင်ဘိုကြီးကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွန်ကရစ်လမ်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၄၈,၅၀၀,၀၀ဝိ/-)ကျပ်ဖြင့် လမ်း(အရှည် ၂၇၀၀ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး နန်းခင်းဖြူဖြူသိန်း၊ လူထုစည်းရုံးရေးမှူး နန်းကြည်ကြည်ဌေးတို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ ၁၀၀%ပြီးစီးပါက နောင်ဘိုကြီးကျေးရွာမှ အိမ်ထောင်စု(၈၁၃)စု လူဦးရေ (၄၄၃၀)ဦးတို့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် သွား/လာရေး လွယ်ကူ အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)