ပေါက်ခေါင်း မေ ၃၁
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီ (အကြို) သစ်ပင်စိုက်ပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လေးကြီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးနှင့် တာဝန်ရှိသူများက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဒေသခံပြည်သူများထံသို့ ပျိုးပင်များ အသီးသီးပေးအပ်ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၁၂၅)ဦးတို့က ကျွန်း၊ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ မန်ဂျန်ရှား ၊မြန်မာကုက္ကိုလ်နှင့်စိန်ပန်းကြီးစသည့် ပျိုးပင်စုစုပေါင်း (၅၀၀) ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)