ငွေဆောင်မြို့၊ ညောင်မှော်ကျေးရွာ၌ GBP(NGO) အဖွဲ့မှ ဆင်နှင့်ပက်သက်၍ အသိပညာပေး ဟောပြောခြင်းဆောင်ရွက်

ငွေဆောင် မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ် (၄) ရပ်ကွက်၊ ညောင်မှော်ကျေးရွာ၊ အောင်မြေဘုန်းတော်ကြီးကျောင်း၌ မေလ (၂၉) ရက်နေ့နံနက်ပိုင်းက GBP( NGO) အဖွဲ့မှ ဒေသခံတောင်သူများအား ဆင်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် GBP (NGO) အဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်တို့က လူနှင့်ဆင် သဟာဇာတဖြစ်စေရေးအတွက် လိုက်နာရမည့်အချက်များ၊ ဆင်နှင့် ပက်သက်၍ သိသင့်သိထိုက်သည့် ဆောင်ရန်၊ ရှောင်ချက်အချက်များနှင့် မိမိတို့ လုပ်ကိုင်လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများကို ဆင်များမနှောင့်ယှက်၊ မဖျက်စီးနိုင်စေရန် အတွက် လျှပ်စစ်ခြံစည်းရိုး အသုံးပြုသင့်ကြောင်းတို့ကို ဒေသခံ တောင်သူများ သိရှိနားလည်စေရန်  အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြသည်။

ထို့နောက် GBP (NGO)အဖွဲ့မှ လူနှင့်ဆင် သဟာဇာတဖြစ်စေရေးအတွက် တောင်သူများနှင့် ဆွေးနွေးခြင်း၊ တောင်သူများ၏ သိလိုသည်များကို ပြန်လည်ဖြေကြားခြင်း၊ လျှပ်စစ်ခြံစည်းရိုး တပ်ဆင် အသုံးပြုပုံနှင့် အသုံးဝင်ပုံတို့ကို တောင်သူများအား လက်တွေ့ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရသည်။

R - 014( ငွေဆောင်)