ဟိုင်းကြီးကျွန်း မေ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းသား/ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေး ကျောင်းမဖွင့်မှီ ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၀၉း၀၀) နာရီအချိန်က ပမ္မဝတီရေတပ်စခန်းဌာနချုပ် အရာရှိ၊စစ်သည်များမှ အ.ထ.က အဏ္ဏဝါ အခြေခံပညာအထက်တန်း ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပမ္မဝတီရေတပ်စခန်းဌာနချုပ် အရာရှိ၊ စစ်သည်များသည် အ.ထ.က အဏ္ဏဝါ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ ရေဝပ်နေသော နေရာများအား မြေဖို့ခြင်း၊ ခြင်များ ခိုအောင်းမနေနိုင်စေရန် ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းများ၊ စာကြည့်တိုက်၊ သန့်စင်ခန်းများ၊ ဝန်ထမ်းဆောင်များ၊ နားနေခန်းများပါ မကျန် ခြင်းဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ကျောင်းရှိ ရေသိုလှောင်ထားသော ရေကန်များအား အဘိတ်ဆေးများ ထည့်သွင်းပေးခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင် (ပြန်/ဆက်)