အထက်မင်းလှ မေ ၃၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမြတ်သူက စိုက်ပျိုးစွမ်းအား မြှင့်တင်ရေး၊ ပန်း ပန်းအထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရေးဆောင်ရွက်ရန်၊ မြေပြင်လူဦးရေစာရင်းကောက်ယူ ရေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေအကြောင်းအရာများအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မြေပြင်လူဦးရေစာရင်းကောက်ယူရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြရာ၊ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)