ဘိုကလေးမြို့နယ်မှ လေဘေးသင့် အိမ်ထောင်စု(၂)စုအား ကူညီထောက်ပံ့

ဘိုကလေး မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဟေမာန်ညီနောင်ကျေးရွာအုပ်စုတွင် မေလ(၂၇)ရက်နေ့ ညနေပိုင်းက  မိုးသည်းထန်စွာ ရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုကြောင့်  လူနေအိမ်တစ်လုံးပြိုကျပျက်စီးခြင်း၊ မေလ(၂၈)ရက်နေ့ ညနေပိုင်းက ကဒုံကနိကျေးရွာအုပ်စု၊ ပင်လယ်ကမ်းစပ်တွင် လေပြင်းတိုက်ခတ်မှုကြောင့်  လူနေအိမ်တစ်လုံးပြိုကျပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ ၎င်းလေဘေးသင့် အိမ်ထောင်စု (၂) စုအတွက် ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကူညီထောက်ပံ့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မို့မို့သွင်နှင့် ကြက်ခြေနီတပ်ဖွဲ့၊ ဖျာပုံခရိုင်၊ ဒုတိယတပ်ဖွဲ့မှူး ဦးသက်နိုင်တို့နှင့်အတူ လေဘေးသင့် အိမ်ထောင်စုဝင်များ၏ လက်ဝယ်အရောက် အိမ်ထောင်စု တစ်စုလျှင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၅,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပုံး(၁)ပုံး၊ ကြက်ခြေနီတပ်ဖွဲ့က ထောက်ပံ့သည့် မိသားစုသုံးပစ္စည်းများ၊  မိသားစုတစ်ကိုယ်ရည်သုံး ပစ္စည်းများ၊  အမျိုးသား တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းများ၊ အမျိုးသမီး တစ်ကိုယ်ရည် ဂုဏ်သိက္ခာသုံး ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)