ဝေါမြို့နယ်၌ မြို့နယ်အဆင့်‌ ဗုဒ္ဓဘာသာယဉ်ကျေးမှု ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

ဝေါ မေ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ မြို့နယ်အဆင့်‌ ဗုဒ္ဓဘာသာယဉ်ကျေးမှု ထူးချွန်ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ဝေါ)၊ သီရိဇေယျာခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော်၊ ဒလနွမ်းကျောင်းတိုက် ပဓာန နာယက ဆရာတော် ဥုးဩဘာသက အဖွင့်ဩဝါဒကထာ မြွက်ကြားပြီး၊ မြို့နယ်သံဃနာယကအဖွဲ့ (သုဓမ္မာ) ဥက္ကဌ ဆရာတော်၊ ကင်မွန်းကန်ကျောင်း ပဓာန နာယကဆရာတော် ဥုးဇဝန ကဩဝါဒကထာမြွက်ကြားသည်။

ယင်းနောက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသီဟထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ မြို့နယ်အဆင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုထူးချွန်ဆုရွေးချယ်ရေး စာမေးပွဲကျင်းပခြင်း ထူးချွန်ဆုများ ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ မြို့နယ်ဗုဒ္ဓဘာသာယဉ်ကျေးမှု ကော်မတီတွဲဘက်အတွင်းရေးမှူး ဦးတင်သိန်းဦးက ရှင်းလင်းလျှောက်ထားပြီး၊ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ  မြို့နယ်အဆင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ထူးချွန်ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် အဖွဲ့ဝင်များ ၊မြိို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)