အုတ်ဖို မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီ ၃၀ မိနစ်အချိန်က အ.ထ.က(အုတ်ဖို)ကျောင်းဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အုတ်ဖိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ယဉ်ယဉ်လှိုင်နှင့် ဆရာဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသားငျောင်းသူများ၊ ကျောင်းသားမိဘများ၊ လူမှုရေးအသင်းအဖွဲ့များ (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွာ အ.ထ.က(ခွဲ)လသာကုန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများမှ ‘ဘက်စုံပညာကိုရည် တို့လှမ်းချီ’ သီချင်းဖြင့်သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးဝေလင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အခမဲ့ပုံနှိပ်စာအုပ်၊ ဝတ်စုံ၊ ဗလာစာအုပ်၊ သင်ထောက်ကူနှင့် ခဲတံများပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက လက်ခံရယူခဲ့ကြသည်။
ထို့နောက် အ.ထ.က(အုတ်ဖို)ကျောင်းသား၊ ကျောင်းသူများမှ 'ပန်းဥယျာဉ်ဝယ် ဆိုကြကကြမယ်'သီချင်းဖြင့် သီဆိုဖျော်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)