သာယာဝတီ မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် သစ်တောဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပျိုးပင်များဝေငှနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မေလ ၃၀ ရက်နေ့၊ နံနက် ၇နာရီက သာယာဝတီမြို့မစျေး၌ ပြုလုပ်ခဲ့သည်။
အဆိုပါပျိုးပင်ဝေငှရာတွင် စွယ်တော်၊ စိန်ပန်း၊ ကံ့ကော်၊ ခရေ၊မန်ဂျရှားနှင့် ကျွန်းပင် စုစုပေါင်းအပင်(၅၀၀)နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်း အမှတ်လက်ကမ်းစာစောင်တွင် ပလပ်စတစ်ညစ်ညမ်းမှု(သို့မဟုတ်)အဖြူရောင်အန္တရာယ်(White Pollution)၊ ပလတ်စတစ်စတင်ဖြစ်ပေါ်လာပုံ၊တစ်ခါသုံးပလတ် စတစ်ဆိုသည်မှာ၊ပလတ်စတစ်၏ဆိုးကျိုးများနှင့်ဖြေရှင်းရန်နည်းလမ်းများအကြောင်းအရာများပါ လက်ကမ်းစာစောင်များကိုစျေးရောင်းစျေးဝယ်လာကြသောပြည်သူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနမှဝန်ထမ်းများနှင့် ခရိုင်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်