ဝေါမြို့နယ်၊ ကံမြင့်ကျေးရွာ၌ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ထားသည့်ကွင်းများ၏ ကုန်ထုတ်လမ်းများတွင် မိုးရာသီအကြို သစ်ပင်စိုက်ပွဲကျင်းပ

ဝေါ မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ကံမြင့်ကျေးရွာ၌ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ထားသည့်ကွင်းများ၏ ကုန်ထုတ်လမ်းများတွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ကြပြီး ပဲခူး-စစ်တောင်းတူးမြောင်းတစ်လျှောက် ဆိုလာစနစ်ရေတင်စီမံကိန်း ကုန်ထုတ်လမ်းမဘေးတစ်လျှောက်အား ပေါက်ပန်းဖြူပျိုးပင်နှင့် ကြောင်လျှာပျိုးပင်၊ အပင်(၂၀၀)ပင်အား စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)