၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် တင်ဒါအောင်မြင်သော ကုမ္ပဏီများနှင့် တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ဘောလခဲ    ဒီဇင်ဘာ ၁၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင်၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အတွင်း ဘောလခဲမြို့နယ် ကျေးလက် ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများ တွေ့ဆုံ ဆွေးနွေးရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားကို ဘောလခဲမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက အဖွင့်အမှာ စကားပြောကြားရာတွင် တင်ဒါအောင်မြင်ထားသော ကုမ္ပဏီများအနေဖြင့် တွက်ချက်တင်ပြတောင်းခံထားသော ငွေကြေး အနည်း၊အများအလိုက် မြို့နယ်တွင်း ကျေးလက် ဒေသများ ဖွံ့ဖြိုးတိုး တက်လာစေရန် စေတနာထားပြီး သတ်မှတ်ကာလ၊ သတ်မှတ်အရည်အသွေး ပြည့်မီရန်နှင့် မလိုလားအပ်သောပြဿနာများ မဖြစ်ပေါ်စေရေးနှင့် ပြည်သူများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် အလေးပေးပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးအောင်လွင်နှင့် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမျိုးသန့်တို့က ထပ်ဆင့် အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တင်ဒါအောင်မြင်သော ကုမ္ပဏီတာဝန်ရှိသူများက မိတ်ဆက်စကားပြောကြားပေးပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ကျေးရွာများအလိုက် လိုအပ်သည်များကို တင်ပြဆွေးနွေး ပေါင်းစပ်ညှိနိူင်း ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ အခမ်းအနားကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်နှင့်ဦးအေးရွှေ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တင်ဒါအောင်ကုမ္ပဏီတာဝန်ရှိသူများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

လှရွှေ