ရွှေတောင်မြို့နယ်၌ အထွက်တိုး အောင်နိုင်တိုးမျိုးစပါး ပေးအပ်ပွဲကျင်းပ

ရွှေတောင် မေ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၌ မြို့နယ်သမဝါယမဦးစီးဌာနတွင် သမဝါယမအသင်းစုက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ၂၀၂၅-၂၀၂၆ မိုးစပါး စီမံကိန်းအတွက် မိုးစပါးစိုက်ပျိုးကြမည့် သမဝါယမအသင်းသားတောင်သူများအား အထွက်တိုး အောင်နိုင်တိုး စပါးမျိုးများ ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမ ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဦးဌေးဝင်းမှ မျိုးစပါးပေးအပ်ရခြင်းနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူ အထွက်နှုန်းကောင်းတစ်ဧက တင်း(၁၀၀) ကျော်ထွက်ရှိ ရေးကြိုးစားဆောင်ရွက်နိုင်ရေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်က စိုက်ပျိုးရေး စနစ်မှန်မှန်ရေး၊ မျိုး၊ မြေ၊ ရေနည်းစနစ် မှန်ကန်ရေးတို့ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်အတွင်းရှိ သမဝါယမအသင်းမှ ၂၀၂၅-၂၀၂၆ မိုးစပါး စီမံကိန်းအတွက် မိုးစပါးစိုက်ပျိုးကြမည့် သမဝါယမအသင်းသား တောင်သူ (၁၈) ဦးအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်နှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဦးဌေးဝင်းတို့မှအထွက်တိုး အောင်နိုင်တိုးမျိုးစပါးမျိုးကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)