လွိုင်ကော် ဒီဇင်ဘာ ၁၂
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ လူစုလူဝေးဖြင့် ကျင်းပခြင်းမပြုဘဲ Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ကလေးသူငယ် အခွင့် အရေး(၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့် ၊ ဖွံ့ဖြိုးတိုးတက်ခွင့် ၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရေး စသည့် အခွင့်အရေး(၄)ရပ်ကို ကလေး သူငယ်များ ရရှိခံစားနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ပြည်နယ် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာကော်မတီ အစည်းအဝေး ဖြစ်ကြောင်း၊ ကယားပြည်နယ်တွင် ပြည်နယ်/ခရိုင်/မြို့နယ်အလိုက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီများကို ဖွဲ့စည်းခဲ့ပြီး Case Management System ကိုလည်းဆောင်ရွက်လျှက်ရှိကြောင်း ၊ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွားသော ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့သည့် အစီအစဉ်ကို ကယားပြည်နယ်တွင် စတင်ဆောင်ရွက်ခဲ့ရာ တစ်ဦးတစ်ယောက်မှ မကျန်ခဲ့စေရေး မူဝါဒနှင့်အညီ ဆောင်ရွက်လျှက်ရှိကြောင်း၊ မသန်စွမ်းကလေးများနှင့် ပဋိပက္ခအတွင်း ကျရောက်နေသည့် ကလေးများလည်း မကျန်ရှိစေရေးအတွက် အားလုံးလွှမ်းခြုံသည့်စနစ်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ ကယားပြည်နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနပိုင် ကျောင်း(၅)ကျောင်းရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မယ်စဲ့မြို့နယ်၌ မူလတန်းကျောင်း (၁)ကျောင်းကို ထပ်မံဆောင်လုပ်မည် ဖြစ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများ ကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုအပ်သည့် အချက်အလက်များ ပြည့်စုံစွာ လျှောက်ထားတင်ပြလာပါက ပြည်နယ် ECCD ကြီးကြပ်မှုကော်မတီအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ခွင့်ပြုပေးလျက်ရှိကြောင်း၊ ကယားပြည်နယ်အတွင်း ကလေးသူငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး နှင့် ကလေးသူငယ်များအပေါ်ကျရောက်မည့် အန္တရာယ်များမှ အကာအကွယ်ပေးနိုင်ရန် ပြည်နယ် ၊ ခရိုင်၊ မြို့နယ်ကော်မတီဝင်များအားလုံး အချိတ်အဆက်မိမိဖြင့် ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်အညီ ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားအတွက် သက်ဆိုင် သည့် ဌာနများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်များအားလုံး စေတနာ၊ မေတ္တာဖြင့် ဆက်လက်ဝိုင်းဝန်း ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှု ဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်က ကလေး သူငယ်အခွင့်အရေး ဆိုင်ရာ ဥပဒေအသိပညာပေး ဆက်လက်ဆောင်ရွက်ရန်၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဆက်လက်ဆောင်ရွက်ရန်၊ လူငယ်စောင့်ရှောက်ရေးကျောင်း(၁)ကျောင်း ရရှိရေး ဦးစီးဌာနသို့တင်ပြဆောင်ရွက်ရန်၊ ပရဟိတများတွင် စောင့်ရှောက်သော ကလေးငယ်များ ကာယ ၊ ဉာဏ၊ ကြံ့ခိုင်ရေးကြီးကြပ်ဆောင်ရွက်ပေးရန်၊ မူကြိုအရွယ် ကလေးငယ်များအား Online မှ မူကြိုပညာရရှိရေးပူးပေါင်းဆောင်ရွက်ရန်၊ ကလေးများအတွက် သက်မွေး အတတ်ပညာများ လေ့ကျင့်ပေးရန်၊ အမျိုးသမီးများအတွက် အမျိုးသမီးအခွင့်အရေး အသိပညာပေးရန်၊ အမျိုးသမီးငယ်များ အကြမ်းဖက်ခံရမှုမှ လျော့ပါး ပပျောက်ရေး ပညာပေးသင်တန်းများ ဖွင့်လှစ်ပေးရန်၊ မသန်စွမ်းကလေးငယ်များအတွက် လိုအပ်သောအခက်အခဲများ ပူးပေါင်းဆောင်ရွက် ပေးရန်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများ ထောက်ပံ့ငွေများ ဆက်လက် ထောက်ပံ့ရန်နှင့် ပြစ်မှုနှင့်ရင်ဆိုင်နေရသော ကလေး သူငယ်များအတွက် လိုအပ်သော အခက်အခဲများ ဖြေရှင်းပေးရန် စသည့် ဆောက်ရွက်ထားရှိသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ပြည်နယ် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီဝင်များမှ ဆွေးနွေးခဲ့ကြပြီး ကယားပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက နိဂုံးချုပ် အမှာစကားပြောကြား ခဲ့ကြောင်းသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)