လွိုင်လင် မေ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပန်ခေါက်ဝိုးကျေးရွာဘုန်းကြီးကျောင်းတွင် ကျေးရွာနေတောင် သူများအား စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ အသိပညာပေး ဟောပြောပွဲအားဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် စိုက်ပျိူးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုးဦးဆန်းလင်းအောင်မှ စိုက်ပျိုး ရေးနည်းပညာများနှင့်ပက်သက်၍ ရှင်းလင်းပြောကြားပေးခဲ့ကာ ဦးမိုင်းအောင်မြတ်မှ ပိုးသတ်ဆေးများအား စနစ်တကျအသုံးပြုနိုင်စေရန်နှင့်သီးနှံများ ပန်းတိုင်အထွက်နှုန်း ကောင်းမွန်စေရေးအတွက် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသောတောင်သူများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ စိုက်ပျိုးရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အယ်မင်း(လွိုင်လင် )