ကဝမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ကဝ မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ကဝမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင် ဆောင်ရွက်ခဲ့သည်။

ပထမဦးစွာ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးမင်းနိုင်က ချေးငွေထုတ်တောင်သူများ သိရှိလိုက်နာရမည့် ဘဏ်ချေးငွေဆိုင်ရာ စည်းမျဥ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ၂၀၂၄ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား အကြေအလည်ပေးဆပ်ပြီးဖြစ်သည့် သက္ကလမြို့မှ မြို့မရပ်ကွက်၊ ဈေးကြီးရပ်ကွက်၊ ဘူတာပိုင်းရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်အတွင်းမှ တောင်သူ(၃၄)ဦးအတွက် လယ်မြေတစ်ဧကလျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် လယ်မြေဧက (၂၄၈)ဧကအတွက် စုစုပေါင်းငွေကျပ် (၃၇၂၀၀၀၀၀) သုံးရာခုနှစ်ဆယ့်နှစ်သိန်းကျပ်ကို  ထုတ်ချေးပြီးဖြစ်ကြောင်းနှင့် ချေးငွေအကြေအလည်ပေးဆပ်ပြီးတောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မန်နေဂျာထံမှ သိရသည်။

ရဲဇော်ဟိန်း (ပြန်/ဆက်)