ရွှေတောင် မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ကိုယ်ပိုင်ကျောင်းနှင့် စာသင်ကျောင်းများသို့ ယမန်နေ့(မေလ၂၉ရက်နေ့)အထိ ကျောင်းအပ်သူစုစုပေါင်း ၁၆၈၀၀ ဦးအထိရှိလာကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ယမန်နေ့အထိ အခြေခံပညာမူလတန်းအဆင့်တွင် ၁၀၈၈၅ ဦး၊ အလယ်တန်းဆင့်တွင် ၃၈၇၄ ဦးနှင့် အထက်တန်းဆင့်တွင် ၂၀၄၁ ဦး၊ စုစုပေါင်း ၁၆၈၀၀ ဦး ကျောင်းအပ်လက်ခံခဲ့ကြကြောင်းသိရပြီး ယင်းတို့အနက် အစိုးရအခြေခံပညာကျောင်းများသို့ ကျောင်းအပ်သူ ၁၆၄၄၂ ဦးရှိကြောင်း သိရသည်။
ရွှေတောင် မြို့နယ်၌ ယခုနှစ်ပညာသင်ကြားရေးအတွက် အစိုးရအခြေခံပညာကျောင်း ၁၇၉ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၁ ကျောင်းရှိကြောင်းသိရသည်။
ကိုကိုမင်း