လက်ပံတန်းမြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲကျင်းပ

လက်ပံတန်း မေ ၃၀

ဒေသခံပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့်မျက်စိပသာဒအကျိုးများရရှိစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့ အထက(၁)ကျောင်းဝင်း၌ ယနေ့ နံနက် ၈ နာရီခွဲက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။

စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် လက်ပံတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ဒေသခံပြည်သူများအင်အား ၁၅၀ က သတ်မှတ်နေရာအသီးသီးတို့၌ ကျွန်း၊ပိတောက်၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ပျဉ်းကတိုးနှင့်မဲဇလီ နှစ်ပေအထက် ပျိုးပင်ပေါင်း ၂၇၀ ပင်ကို စနစ်တကျစုပေါင်း စိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)