ပန်းတောင်း မေ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် တောင်ဘွေအုပ်စု၊ ခြေလျင်တပ်ရင်း အမှတ်(၉၂) ဝန်းအတွင်းရှိ နဝဒေးခန်းမတွင် ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်က အခြေခံစစ်ပညာ (ပစ်ခတ်စဉ်မပါ) သင်တန်းအမှတ်စဥ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်အောင်မှ မိမိတို့နယ်မြေဒေသ လုံခြုံတည်ငြိမ်အေးချမ်းသာယာစေရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားကြရန် သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းသားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။ ထို့နောက်သင်တန်းသားများကို နံနက်စာ စားသောက်ဖွယ်ရာများ တည်ခင်းကျွေးမွေးခဲ့သည်။
၎င်းဆင်းပွဲအခမ်းအနားသို့ ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်အောင်၊ အမှတ်(၃) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံမှူး ဗိုလ်မှူးကြီး မောင်စိုး၊ အမှတ်(၆) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံမှူး ဗိုလ်မှူးကြီးတိုးလွင်၊ အမှတ်(၂) ခဲယမ်းမီးကျောက်တပ်ရင်း ဒုတိယဗိုလ်မှူးကြီး တင်မြင့်သိန်း၊ အမှတ်(၉၂) ခြေလျင်တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကိုကိုစိုး၊ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရ၊ အတွင်းရေးမှူး ဦးချစ်ကိုကို၊ အဖွဲ့ဝင်ဗိုလ်မှူးဖြိုးသူစိုး၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး သင်တန်းသား စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)