ရွှေတောင်မြို့နယ်တွင် မိုးမြေပဲနှင့်ပဲစဉ်းငုံ သီးညှပ် ဧက (၁၀၀) စံပြကွက် စတင်စိုက်ပျိုး

ရွှေတောင် မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ကျွန်တန်းရိုးကျေးရွာ ကွင်းအမှတ် (၄၄၀) ရှိ တောင်သူ ဦးဝင်းကြည်အပါ တောင်သူ (၃)ဦးတို့၏  မိုးမြေပဲနှင့်ပဲစဉ်းငုံ သီးညှပ် ဧက (၁၀၀) စံပြကွက် စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မိုးမြေပဲနှင့်ပဲစဉ်းငုံ သီးညှပ် ဧက (၁၀၀) စံပြကွက် စတင်စိုက်ပျိုးရာတွင် ဆင်းပဒေသာ (၁၁) မြေပဲမျိုးနှင့် မုံရွာရွှေဒင်္ဂါးမျိုး ပဲစဉ်းငုံစိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများမှ ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ မိုးမြေပဲနှင့်ပဲစဉ်းငုံ သီးညှပ် ဧက (၁၀၀) စံပြကွက်များကို ဧကပြည့်မှီရေးအတွက် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မှသိရသည်။

ကိုကိုမင်း (ပြန်/ဆက်)