ကြို့ပင်ကောက် မေ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက အထက (ကြို့ပင်ကောက်) ရွှေညီလာခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အထက(ကြို့ပင်ကောက်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာကိုယ်ရည် တို့လှမ်းချီ”သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတာ်အစိုးရသည် ကျောင်းအပ်နှံရေးရက်သတ္တပတ် သတ်မှတ်၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ကျောင်းနေရွယ်ကလေးအားလုံး ကျောင်းတက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားပြီး နိုင်ငံတော်မှ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ထောက်ပံ့ပေးအပ်သော ဗလာစာအုပ်၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို တာဝန်ရှိသူများကပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများက လက်ခံရယူခဲ့ကြသည်။
ကြို့ပင်ကောက်မြို့တွင် အခြေခံပညာကျောင်းပေါင်း(၁၇၁)ကျောင်း ကိုယ်ပိုင်ကျောင်း (၄) ကျောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်းတို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ခန့်မှန်းလျာထား ကျောင်းသား၊ ကျောင်းသူ (၁၆၇၅၆) ဦးတွင် ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၄၂၄၇)ဦး ၈၅ ဒသမ ၀၂ ရာခိုင်နှုန်း ကျောင်းအပ်နှံခဲ့ပြီး ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)