ကျောက်တံခါးမြို့နယ်၌ ကျောင်းတွင်း၊ ကျောင်းပြင် စုပေါင်းသန့်ရှင်းရေး၊ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်းဆောင်ရွက်

ကျောက်တံခါး  မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ အန္တရာယ်ကင်းရှင်းစွာ ကျောင်းတက်နိုင်ရေး၊ ကျောင်းဝန်းအတွင်း၊ အပြင် သန့်ရှင်းသာယာလှပစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖြန်းခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် (၇)နာရီအချိန်က အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်းတွင် ကျောင်းတွင်း၊ ကျောင်းပြင်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လုံခြုံရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များက ကျောင်းတွင်း၊ ကျောင်းပြင် အမှိုက်များရှင်းခြင်း၊ ခြုံနွယ်ပေါင်းမြက်များရှင်းလင်းခြင်း၊ စည်ပင်သာယာဝန်ထမ်းများက ရှင်းလင်းပြီးအမှိုက်များအား အမှိုက်ကားများဖြင့်သယ်ယူ၍ အမှိုက်စွန့်ပစ်နေရာများသို့ သွားရောက်စွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)