တောင်ငူမြို့၊ အထက(၂)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

တောင်ငူ မေ ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဆရာကွန်းခန်းမ၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်က အဖွင့်အမှာစကားပြောကြား​ပြီး  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁)၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်အောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ခင်ဇာခြည်အောင်တို့က နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသောဗလာစာအုပ်၊ခဲတံ၊ဘောပင်များ၊ကျောင်းဝတ်စုံများ၊သင်ထောက်ကူပစ္စည်းများကို  ခရိုင်ပညာရေးမှူးဒေါက်တာနော်ဥမ္မာထွန်း၊ မြို့နယ်ပညာရေးမှူးဒေါ်ဥမ္မာထွန်း၊ ဒုတိယ​မြို့နယ်ပညာရေးမှူးဦးစိုးအောင်နှင့် အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ခိုင်တို့အားပေးအပ်သည်။

ထို့နောက် အထက(၂)ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်း၊ အထက(ကေတု)မှ ကျောင်းသား/ကျောင်းသူများက ကျောင်းအပ်နှံရေးနေ့သီချင်းနှင့် ဘက်စုံပညာရည် ဒို့လှမ်းချီသီချင်းဖြင့် သီဆိုကပြဖျော်ဖြေသည်။

တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် မေလ ၂ ရက်နေ့မှစတင်ကာ ကျောင်းအပ်နှံလက်ခံဆောင်ရွက်လျက်ရှိပြီး (၂၀၂၅-၂၀၂၆)ပညာသင်နှစ် ကျောင်းအပ်နှံခြင်းသီတင်းပတ်အစီအစဉ်အနေဖြင့် မေ(၂၂)ရက်မှဇွန်လ(၁)ရက်အထိ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)