သာယာဝတီ မေ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် သမဝါယမဦးစီးဌာနနှင့်သမဝါယမအသင်းစုမှ ၂၀၂၅-၂ဝ၂၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်း ဆောင်ရွက်ကြမည့် သမဝါယမအသင်းသားတောင်သူများအား အထွက်တိုး(အောင်နိုင်တိုး)မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ခြင်းကို မေလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက သာယာဝတီမြို့နယ် သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းဟိုမှ မိုးစပါးနှင့်သွင်းအားစုများပေးအပ်ခြင်းနှင့် ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သောစိုက်ပျိုးရေးနည်းပညာများကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် စီမံကိန်းဆောင်ရွက်ကြမည့် သမဝါယမအသင်း (၅) သင်းမှ အသင်းသားတောင်သူ (၂၃၁)ဦး စီမံကိန်းဧက(၂၀၀၀) အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနတာဝန်ရှိသူများက အထွက်တိုး (အောင်နိုင်တိုး) မျိုးစပါးနှင့် သွင်းအားစုများအား အသင်းသားများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)