ဇလွန်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီလူထုဖြန့် သစ်ပင်စိုက်ပျိုးရန် ပျိုးပင်​ပေါင်း (၁၅၀၀၀) ပျိုးထောင် ထားရှိ

ဇလွန် မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် သစ်တောဦးစီး ဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးတို့ အတွက် မိုးရာသီ လူထုဖြန့် သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ( ၁၅၀၀၀ ) ကျော် ပျိုးထောင်ထားရှိကြောင်း မြို့နယ် သစ်တောဦးစီးဌာန ဘိနယ်တာဝန်ခံတောအုပ်ဦး​မြင့်သူ၏ ပြောကြားချက် အရသိရသည်။

ဇလွန်မြို့နယ် သစ်တောဦးစီးဌာနမှ ပျိုးဥယျာဥ်အတွင်း ကျွန်း(၈၀၀)၊ ပျဥ်းကတိုး(၈၀၀)၊မဟော်ဂနီ (၁၀၀၀) မန်ဂျန်ရှား (၉၀၀၀)၊ ပိတောက်(၅၀၀) ယူကလစ်(၁၅၀၀)၊ ရေတမာ(၂၀၀) ၊ ခရေ(၂၀၀) ၊ ကံကော်(၂၀၀) ၊ မယ်ဇယ်(၁၀၀)၊ ယမနေ(၅၀၀)၊ ဗန်ဒါ (၂၀၀) စုစုပေါင်း ပျိုးပင်ပေါင်း (၅၀၀၀) ကိုစိုက်ပျိုး ပြုစုပျိုးထောင်ထားရှိပြီး ရာသီဥတု ပူပြင်းလာခြင်း၊ မိုးခေါင်ခြင်းစသော သဘာဝဘေး ဖြစ်စဉ်များကို သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကာကွယ်သွားနိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် နှစ်စဉ်မိုးရာသီ တွင်သစ်ပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးပြုစုထိန်းသိမ်းသွားစေလိုကြောင်း ဇလွန်မြို့နယ် ဘိနယ်တာဝန်ခံတောအုပ် ဦး​မြင့်သူ၏ပြောကြားချက်အရ သိရသည်။

ဝေယံ

ဇလွန် (ပြန်/ဆက်)