ငပုတောမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင်သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်

ငပုတော  မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာ‌ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ခိုလှုံပေါက်ဖွားနိုင်သောနေရာများအား လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ ပူးပေါင်း၍ တမန်ချောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများများသည်ပိုးလောက်လန်းပေါက်ပွားနိုင်သည့်နေရာများကိုစစ်ဆေးပြီး၊ဖုံး၊သွန်၊လဲ၊စစ်လုပ်ငန်းများပုံမှန်ဆောင်ရွက်ရန်၊မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း  ခြင်ပေါက်ပွားမှု မရှိစေရေး၊ပိုးလောက်လန်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး ခြင်ပေါက်ပွားမှု မရှိစေရေးဆောင်ရွက်ရန်တို့ကို ဒေသခံပြည်သူများအား အသိပညာပေးဟောပြောပွဲများဆောင်ရွက်ပြီးရေတွင်း၊ ရေကန်များတွင်အဘိတ်ဆေးခတ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)