ပေါင်းတည် မေ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင် စာသင်ကျောင်းများသို့ ယမန်နေ့ (မေလ ၂၈ ရက်နေ့)အထိ ကျောင်းအပ်သူ စုစုပေါင်း ၁၄၂၂၇ ဦးအထိရှိလာကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ယနေ့အထိ အခြေခံပညာမူလတန်းအဆင့်တွင် ၉၇၂၉ ဦး၊ အလယ်တန်းဆင့်တွင် ၃၁၅၆ ဦးနှင့် အထက်တန်းဆင့်တွင် ၁၃၄၂ ဦး၊ စုစုပေါင်း ၁၄၂၂၇ ဦး ကျောင်းအပ်လက်ခံခဲ့ကြကြောင်းသိရပြီး ယင်းတို့အနက် အစိုးရအခြေခံပညာကျောင်းများသို့ ကျောင်းအပ်သူ ၁၃၅၄၄ ဦးရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်၌ ယခုနှစ်ပညာသင်ကြားရေးအတွက် အစိုးရအခြေခံပညာကျောင်း ၁၆၇ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၁ ကျောင်းနှင့် ဘုန်းတော်ကြီးသင်မူလတန်းကျောင်း ၂ ကျောင်းရှိကြောင်းသိရသည်။
ရွှေသား