ကျိုက်မရော မေ ၂၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အ..ထ.က ကျိုက်မရော (ပညာအားမန်)ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျိုက်မရော မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက အဖွင်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးက ကျောင်းအပ်နှံရေးနေ့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် အခြေခံပညာကျောင်းများသို့ အခမဲ့ထောက်ပံပေးသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးထံပေးအပ်ပြီး ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အ.ထ.က.ခွဲ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဒို့ကျောင်းတော်”တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)