ကလော မေ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ကလောတပ်နယ် စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ကလောခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ကလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/သူများက "မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်မှ ကလောမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ကျောင်းများနှင့် ကျေးလက်ဒေသ မူလတန်းအဆင့်ကျောင်းများအား ဗလာစာအုပ် ဒါဇင်(၅၀၀)ကို ပေးအပ်လှူဒါန်းခဲ့ပြီး နိုင်ငံတော်မှ အခမဲ့ပံ့ပိုးသော ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များကို အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်အတွက် ကလောတပ်နယ် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တပ်မ(၅၅)ဒုတိယတပ်မမှူး၊ ခရိုင်ပညာရေးမှူးနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌတို့က ပေးအပ်ခဲ့ရာ ကျောင်းအုပ် ဆရာ/ ဆရာမကြီးတို့က လက်ခံရယူခဲ့ကြပြီး ကလောမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ပြည်မြန်မာ" သီချင်းဖြင့် သီဆို၍ အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။၏
ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့်တာဝန်ရှိသူများက “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြက် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် KG တန်းမှ Grade-12 အထိ ကျောင်းသားမိဘများ လာရောက်ကျောင်းအပ်နှံမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)