ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်တွင် ပဲတောင့်ရှည်များအားစီးပွားဖြစ်စိုက်ပျိုး

ပြည်ကြီးမဏ္ဍိုင်  မေ  ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့၊  ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်အတွင်းရှိဒေ သခံများအနေဖြင့် မြေအောက်ရေကို စနစ်တကျအသုံးပြု၍ ဟင်းသီးဟင်းရွက်  သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စိုက်ပျိုးလုပ်ကိုင်ကြရာ မိသားစုစားနပ်ရိက္ခာဖူလုံမှုရှိသည့်အပြင် အပိုဝင်ငွေရရှိ ကြောင်းသိရသည်။

ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်အတွင်းရှိ ဒေသခံများသည် တစ်နိုင်တစ်ပိုင်အဖြစ်  ဟင်းသီးဟင်းရွက်စားပင် သီးနှံများ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြကြောင်းသိရသည်။စားပင်သီးပင်များစိုက်ပျိုးရာ၌သီးနှံ တစ်မျိုး တည်းစိုက်ပျိုးခြင်းအစား  စားနပ်ရိက္ခာဖူလုံမှုအပြင် အပိုဝင်ငွေရရှိရေးအတွက် သီးထပ်သီးညှပ်အဖြစ် ဆလပ်၊ ပဲတောင့်ရှည်နှင့် ချဉ်ပေါင်ပင်များကို ရောနှောစိုက်ပျိုးကြကြောင်း သိရသည်။ 

ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းဖြင့် အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်းနှင့် ပဲတောင့်ရှည် မျိုးစေ့တစ်ထုတ်လျှင် ၉၅၀၀ ကျပ်ပေးဝယ်ရပြီး   ဘောင်များပြုလုပ်ကာ   တစ်ပင်နှင့်တစ်ပင်  လေးလက်မခန့်အကွာ  မျိုးစေ့ချ စိုက်ပျိုးရာ (၃၇)ရက်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီဖြစ်သည်။  ၅ ရက်လျှင်တစ်ကြိမ် ခူးဆွတ်ပြီး တစ်ကြိမ်ခူး လျှင်အတောင့်(၅၀၀)မှ (၆၀၀)အထိ ရရှိပြီးရောင်းချရာတွင်လည်း ယခင်ကအတောင့် ၁၀ တစ်စည်းလျှင် (၅၀၀) ကျပ်ဖြင့်ရောင်းချရာ  ယခုအခါတွင် (၁၂)တောင့်  တစ်စည်းလျှင် (၁၀၀၀)ကျပ်ဖြင့်  ငါးသောင်းအထိ ရရှိကြောင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးသူ တစ်ဦးထံမှသိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)