ကြို့ပင်ကောက် မေ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို အစောဆုံးချေးငွေ ပြန်လည်ပေးဆပ်ခဲ့သော တောင်သူများထံ ယနေ့မွန်းလွဲပိုင်းက စတင်ထုတ်ချေးပေးခဲ့သည်။
ကြို့ပင်ကောက်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေစည်းကမ်းချက်များနှင့်အညီ ချေးငွေထုတ်ချေးသွားမည်ဖြစ်ပြီး အစောဆုံးပြန်လည်ပေးဆပ်ခဲ့သော တောင်သူတစ်ဦးချင်းစီထံသို့ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့မှစ၍ ထုတ်ချေးပေးလျက်ရှိသည်။
ကြို့ပင်ကောက်မြို့နယ် ဘဏ်ခွဲအနေဖြင့် ၂၀၂၅ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေအား လျာထားဧက (၄၃၀၀၀)အတွက် ချေးငွေကျပ်သိန်းပေါင်း (၆၄၅၀၀)အား ထုတ်ချေးရန် လျာထားဆောင်ရွက်ထားပြီး ယနေ့တွင် လက်ပံ့ပင်စုကျေးရွာအုပ်စုမှ တောင်သူ (၁၁၉)ဦး၏ လယ်ဧက(၆၆၉)အတွက် ချေးငွေကျပ် (၁၀၀၃၅၀၀၀၀) ကျပ်အား ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်သန်းသန်းကြူထံမှ သိရသည်။
ဇေယျတု (ပြန်/ဆက်)