ငဖဲ မေ ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် သစ်တောဦးစီးဌာနသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောသစ်ပင်များစိမ်းလန်းစိုပြည်သာယာရေး၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရေးအတွက် ၂၀၂၅ ခုနှစ် မိုးရာသီတွင် လူထုဖြန့်နှင့်ထင်းစိုက်ခင်းများတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် မြို့မပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၅၂၀၀၀)ပင်ကို ပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများအနေဖြင့် အခမဲ့လာရောက်ထုတ်ယူစိုက်ပျိုးနိုင်ကြောင်း သိရသည်။
ငဖဲမြို့နယ်သစ်တောဦးစီးဌာနရုံးမှ လူထုဖြန့်ပျိုးပင်များဖြန့်ဝေပေးရာတွင် မြို့နယ်ဌာနဆိုင်ရာရုံးများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုများ၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများအတွက် မြို့မပျိုးဥယျာဉ်တွင် ကျွန်း(၁၀၀၀၀)၊ ကံ့ကော် (၅၀၀၀)၊ မဲဇလီ (၅၀၀၀)နှင့် ယင်းမာ (၅၀၀၀)ပင် စုစုပေါင်း ပျိုးပင် (၂၅၀၀၀)ပင်ကို ပျိုးထောင်ထားရှိသည်။
မြို့နယ်သစ်တောဦးစီးဌာနမှစိုက်ပျိုးမည့် ကျေးရွာသုံး ထင်းစိုက်ခင်း ဧက ၃၀ အတွက် ယူကလစ် (၆၃၀၀)၊ ယင်းမာ (၃၆၀၀)နှင့် ရှား(၃၆၀၀) စုစုပေါင်း (၁၃၅၀၀) ပင်နှင့် ကျေးရွာသုံး ထင်းစိုက်ခင်း ဧက ၂၀ အတွက် ယူကလစ် (၆၃၀၀)၊ ယင်းမာ (၃၆၀၀)နှင့် ရှား (၃၆၀၀) စုစုပေါင်း (၁၃၅၀၀)ပင်တို့ကို ပျိုးထောင်ထားရှိပြီး သစ်ပင်များစိုက်ပျိုးနိုင်ရေးအတွက် မိုးရွာသွန်းမှုနှင့် မြေနေရာအခြေအနေအပေါ်မူတည်၍ စိုက်ပျိုးဆောင်ရွက်နိုင်ရေးစီစဉ်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနရုံးမှ သိရသည်။
မယု(ငဖဲ)