ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ

ချောက် မေ ၂၉

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က ချောက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ချောက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်က ပညာသင်ထောက်ပံ့ကြေးပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းသားသမီး (၃၀)ဦးတို့အား ကျောင်းသုံးစာရေးကိရိယာနှင့် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)