ပွင့်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများစုပေါင်းပြီး မိုးရာသီ သီးပင်စားပင်များ စိုက်ပျိုး

ပွင့်ဖြူ မေ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင်ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ရုံးပတ်ဝန်းကျင်သာယာစိမ်းလန်းစိုပြည်စေရန်နှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဓာတ်အားခွဲရုံဝန်း မြေကွက်လပ်တို့တွင် မိုးရာသီ သီးပင်စားပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင်ဦးဆောင်၍ ဝန်ထမ်းများအဖွဲ့က ရုံးပတ်ဝန်းကျင်သာယာစိမ်းလန်းစိုပြည်စေရန်နှင့်  သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန်အတွက် စိန်တစ်လုံးသရက်ပင် ၂၅ ပင်ကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဓာတ်အားခွဲရုံဝန်းအတွင်းရှိ မြေကွက်လပ်တွင် တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးအနေဖြင့် နှစ်စဉ် မိုးရာသီကာလများတွင် ရုံးပတ်ဝန်းကျင်သာယာစိမ်းလန်းစိုပြည်စေရေးအတွက် သရက်၊ ပိန္နဲ၊ ငှက်ပျော၊ သံပုရာ စသည့် သီးပင်စားပင်များကို စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရကာ ယခုနှစ် မိုးရာသီတွင်လည်း ရုံးဝန်းမြေကွက်လပ်၌ ငှက်ပျောအပင် ၁၀၀ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းနိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)