ငပုတော မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် မွေးဖွားမှု၊ သေဆုံးမှုစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ ညနေပိုင်းက နံနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ငပုတောမြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ ပူးပေါင်းပါဝင် ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦးတို့က သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှု့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက မြေမြင်ရှိ လူဦးရေစာရင်းများ၊ ပြောင်းဝင်/ပြောင်းထွက် အိမ်ထောင်စုများ၊ မွေးဖွားနှုန်းနှင့်သေဆုံးမှုစာရင်းများနှင့် မြေပြင်တွင် စာရင်းရှိ/မရှိကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီးမူကြမ်းများပေးပို့ရာတွင်စာရင်းဇယားမှန်ကန်မှုရှိစေရေးနှင့်အချက်အလက်ပြည့်စုံစေရေးနှင့်ကွဲလွဲမှုမရှိအောင်ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်းသိရသည်။
အောင်သူ(ပြန်/ဆက်)