ငပုတော မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ကုန်စျေးနှုန်းထိန်းညှိရေးအဖွဲ့သည် မေလ ၂၅ ရက်နေ့နံနက်ပိုင်းက မြို့မစျေးအတွင်းရောင်းချနေသော အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များရှိ ဘိလပ်မြေအိတ်များအား သတ်မှတ်ထားသောရည်ညွှန်း စျေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းဝေလှိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဈေးတာဝန်ခံနှင့် တာဝန်ရှိသူများက သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)