လိပ်သို မေ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ပင်ဖြစ်သော သရက်ပင်များကို စိုက်ပျိုးထားကြပြီး သရက်သီးများခူးယူရောင်းချရာ စျေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
ဒေသခံများမှာ သရက်ပင်များကို မိမိတို့၏ အိမ်ခြံဝင်းများနှင့် ဉယျာဉ်ခြံများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြကြောင်း၊ စိုက်ပျိုးရာတွင် ယခင်က မျိုးစေ့မှ ပျိုးပင်များကို ပျိုးထောင်၍လည်းကောင်း၊ ကိုင်းကူး၍လည်း ကောင်း စိုက်ပျိုးကြကြောင်း၊ လိပ်သိုမြို့ပေါ်၌ သရက်သီးတစ်လုံးလျှင် အရွယ်အစားပေါ်မူတည်၍ (၃၀ဝိ/-) ကျပ်မှ (၅၀ဝိ/-) ကျပ်အထိ စျေးကောင်းရလျက်ရှိနေကြောင်း၊ ဒေသတွင်း၌ စိန်တစ်လုံး၊ မချစ်စု၊ ရင်ကွဲ၊ သုံးလုံးတစ်တောင် သရက်သီးမျိုးများကို အများဆုံးစိုက်ပျိုးထားလျက်ရှိကြောင်း သရက်ပင်စိုက်ပျိုးသူ ဒေသခံတစ်ဉီးထံမှ သိရသည်။
ခင်လေးနွယ်