ငပုတော မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထယ်ထိုးထည့်သွင်းခြင်းအခမ်းအနားကို ယမန်နေ့က မန်ကျည်းပင်ကျေးရွာအုပ်စု၊ သုံးခွကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၁၇၁၅) ကွင်းအမည် မှန်တော့ကန် ဦးပိုင်အမှတ် (၂၇/၅)၊ တောင်သူ ဦးလှအေး၏လယ်မြေ(၅)ဧကတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဝင်း၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးမင်းဇင်နိုင်နှင့် ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုခဲ့ကြသည်။
ဦးစွာ မြို့နယ်စိုက်ပျိုးထုပ်လုပ်မှု တိုးတက်မြင့်မားစေရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများကသစ်စိမ်မြေဩဇာ(ပိုက်ဆံလျှော်)အားထယ်ထိုး ထည့်သွင်းခြင်းကို ကြည့်ရှုအားပေးခဲ့ကြပြီး တောင်သူများနှင့်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည်သင်္ကန်းကုန်းကျေးရွာအုပ်စုရှိတောင်သူ ဦးစိုးမြင့်၏ လယ်မြေ ( ၅ )ဧကတွင် ကျင်းပပြုလုပ်သည့် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မြေမြှုပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှု့အားပေးခဲ့ကြကြောင်းသိရသည်။ သစ်စိမ်းမြေဩဇာအများစုသည် ပဲမျိုးနွယ်ဝင်အပင်များဖြစ်ပြီး သစ်ဆွေးဓာတ် ပျှမ်းမျှ ၆၅% ခန့်ပါဝင်သဖြင့်ဆွေးမြေ့မှုမြန်ကာမြေတွင်းအဓိကနိုက်ထရိုဂျင်ဓာတ်နှင့်သစ်ဆွေးဓာတ်များရရှိပြီး၊ သစ်စိမ်းမြေဩဇာ ထည့်သွင်း စိုက်ပျိုးခြင်းကြောင့် မြေဆီလွှာအကျိုးအာနိသင် ကောင်းမွန်လာ စေခြင်းနှင့် သီးနှံပင်အတွက် အဟာရဓာတ်များစွာ ရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)