ဒေးဒရဲ မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များတွင် ခွင့်ပြုထားသည့် သတ်မှတ်လိုင်စင်များအတိုင်း ကုန်ပစ္စည်းများ ရောင်းချမှုရှိ၊ မရှိနှင့် အခွန်တံဆိပ်များ ကပ်နှိပ်ရောင်းချမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီက မြို့နယ်တာဝန်ရှိသူများက ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် တာဝန်ရှိသူများက ဒေးဒရဲ၊ ဖျာပုံကားလမ်းမဘေးရှိ လပ်ကီးဆဲဗင်းစားသောက်ဆိုင်သို့ ကွင်းဆင်း၍ ခွင့်ပြုထားသည့် လိုင်စင်အတိုင်းသာ ကုန်ပစ္စည်းများ ရောင်းချစေရေး၊ အစားအသောက်များရောင်းချရာတွင် အခွန်တံဆိပ်များကပ်နှိပ်ရောင်းချရှိ၊ မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)