ကျောက်တံခါး မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီ (အကြို) သစ်ပင်စိုက်ပွဲတော်အခမ်းအနားအား ယမန်နေ့က မြို့ချောင်းကျေးရွာအုပ်စု၊ ကာလူးကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေက အခြေခံပညာမူလတန်းကျောင်း(ခွဲ)မှ ဆရာမ ဒေါ်ဆောင်းဦးမွန်သို့လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့သို့လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းပိုင်က ကာလူးကုန်းကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးမောင်တုတ်သို့လည်းကောင်း ပျိုးပင်များအား အသီးသီးပေးအပ်ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများ၊ ကာလူးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၉၅)ဦးတို့က ၂ ပေအထက်ရှိသော ပျိုးပင်ကျွန်း (၅၀) ပင်၊ ပျဉ်းကတိုး (၅၀) ပင်၊ ပိတောက် (၅၀) ပင်၊ မဟော်ဂနီ (၅၀)ပင်၊ မန်ဂျန်ရှား (၁၀၀) ပင် စုစုပေါင်း (၃၀၀) ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)