တာချီလိတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများ ကျင်းပ

တာချီလိတ် မေ ၂၇

၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၌ ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။

ပြိုင်ပွဲကို “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ခေါင်းစဉ်ဖြင့်ကျင်းပရာ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူ စာစီစာကုံး ပြိုင်ပွဲဝင် ၁၀ ဦး၊ ပန်းချီပြိုင်ပွဲဝင် ၁၀ ဦး၊ ကာတွန်းပြိုင်ပွဲဝင် ၅ ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၂၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး ဦးလွမ်းမိုးထက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)