သာပေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

သာပေါင်း မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၇ နာရီအချိန်က ရွှေဇံအိုးကျေးရွာစု၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်း ရည်ရွယ်၍ သစ်တောသစ်ပင်များ၏တန်ဖိုးကို သိရှိနားလည်နိုင်စေရန်၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေး၊ အပူချိန်လျှော့ချနိုင်စေရန် အပူဒဏ်ကာကွယ်နိုင်စေရေးတို့အတွက် စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိလာခဲ့ကြရာမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသိန်းဝင်း‌ဇော်နှင့်သစ်တောဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ပျဥ်းကတိုးပျိုးပင်(၁၅၀)၊ မန်ဂျန်ရှားပျိုးပင်(၁၅၀)၊ မဟော်ဂနီပျိုးပင်(၁၀၀) ပျိုးပင်ပေါင်း(၄၀၀)တို့ကို ရွှေဇံအိုးကျေးရွာ အုပ်စု၊ (ဒေသအခေါ်-ပဒပ်စာကုန်းကျေးရွာ) သာပေါင်း-ပုသိမ်ကားလမ်းဘေး၊ မိုင်တိုင်အမှတ်(၆/၅)တွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး