အုတ်တွင်း မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား နည်းစနစ်မှန်ကန်ရေး မျိုး၊မြေ၊ရေ နည်းပညာပေးခြင်းနှင့် အောင်နိုင်တိုးမျိုးစပါးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊သီရိရတနာခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေး/မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်က်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ဆန်းဦးက မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား နည်းစနစ်မှန်ကန်ရေး မျိုး၊မြေ၊ရေ နည်းပညာများ၊အောင်နိုင်တိုးစပါးနှင့် ပတ်သက်၍ နည်းပညာများဆွေးနွေးခြင်းနှင့် အထွက်တိုးရေးအတွက် နည်းစနစ်မှန်ကန်စေရေးအား ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ မိုးစပါးစိုက်ပျိုးမည့်ရပ်ကွက်/ကျေးရွာအုပ်စု(၅)အုပ်စုမှတောင်သူများကို အောင်နိုင်တိုးမျိုးစပါးများအား မြို့နယ်စိုက်ပျိုးရေး/မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အသီးသီးပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ