ကျိုက်မရော မေ ၂၆
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်အပေါ်ရွာ၌ ဒေသထွက် ယိုးဒယားကြက်မောက်သီးများ လှိုင်လှိုင်ထွက်ရှိကာ စျေးကောင်းလည်းရရှိ၍ ကြက်မောက်ခြံရှင်များ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယခုအချိန်၌ ယိုးဒယားကြက်မောက်သီးအများဆုံးထွက်ရှိရာ နတ်စမ်းကျေးရွာရှိ ယိုးဒယားသီးများ အစောဆုံးထွက်ရှိ၍ ကြက်မောက်သီးအလုံးတစ်ရာလျှင် နှစ်သောင်းမှ နှစ်သောင်းခွဲအထိ ဖောက်သည်ပေးရပြီး ကြက်မောက်သီးလှိုင်လှိုင်ထွက်ချိန်၌ တစ်ပတ်ခူးလျှင် ဝင်ငွေ ၄သိန်းခန့်ရပြီး တစ်ရာသီဆိုလျှင် သိန်းတစ်ရာခန့်ရကြောင်း ခြံရှင်ဦးသန်းဝင်းထံမှ သိရသည်။
ကျိုက်မရောမြို့နယ်ထွက် ကြက်မောက်သီးများသည် မိုးဦးကျ မေလနှင့် ဇွန်လအတွင်း အသီးအထွက်နှုန်းကောင်းသော အချိန်ဖြစ်ကြောင်း အဆိုပါယိုးဒယားသီးများကို လူကြိုက်လည်းများပြီး စျေးကောင်းလည်းရရှိနေ၍ ခြံရှင်များ မိသားစုဝင်ငွေတိုးလျက်ရှိနေကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)