ဟိုင်းကြီးကျွန်းမြို့၌ ကျောင်းသား/ ကျောင်းသူများ ပျော်ရွှင်စွာ ကျောင်းအပ်နှံနေမှုအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

ဟိုင်းကြီးကျွန်း မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၅-၂ဝ၂၆ ပညာသင်နှစ်"ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ယနေ့နံနက် (၉)နာရီအချိန်၌ ကျောင်းသား/ ကျောင်းသူများ ပျော်ရွှင်စွာကျောင်းအပ်နှံနေမှုအား ဟိုင်းကြီးကျွန်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်းနှင ့်တာဝန်ရှိသူများသည် အ.ထ.က အဏ္ဏဝါအခြေခံပညာအထက်တန်းကျောင်းတွင် လာရောက်ကျောင်းအပ်နှံနေသော ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရနိုင်စေရန် ကျောင်းလာအပ်နှံကြပါရန်နှင့် ကျောင်းအပ်နှံခြင်းနှင့်ပတ်သက်သော အကြောင်းအရာများအား အသိပညာပေးပြောကြားသည်။

ဆက်လက်ပြီး ဟိုင်းကြီးကျွန်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အ.ထ.က အဏ္ဏဝါအခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်လက်ခံပေးနေမှုအခြေအနေများ၊ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ဘော့ပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ ထောက်ပံံ့ပေးအပ်နေမှု အခြေအနေများ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သောက်ရေသန့်ရရှိမှုအခြေအနေများနှင့် ကျောင်းလုံခြုံရေးအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးကာ လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ပြန်/ဆက်)