ငပုတောမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ (၄၉၁၂‌၇) ကျောင်းအပ်နှံပြီးစီးကာ ဆက်လက်၍ ကျောင်းအပ်လက်ခံလျက်ရှိ

ငပုတော မေ ၂၆

ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်စေရေးအတွက်  အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံမှုများကို မေလ ၂၂ ရက်နေ့မှစကာ ပိတ်ရက်မရှိ  လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားပြီး ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်အထိ အခြေခံပညာကျောင်းအသီးသီးမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံပြီးစီးသူ ၄၉၁၂၇ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ငပုတောမြို့နယ်အတွင်း မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၀၆ ပညာသင်နှစ်တွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၂၃၅၅ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၁၄၉၇ ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၅၂၇၅ ဦး စုစုပေါင်း ၄၉၁၂၇ ဦး ကျောင်းအပ်နှံလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်သူ(ပြန်/ဆက်)