ချောင်းသာနယ်မြေမီးသတ်စခန်းရှိ ဒေါင့်ဖန်းမီးငြှိမ်းသတ်ယာဉ်အကြီးစားပြင်ဆင်စရိတ် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ချောင်းသာ မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ချောင်းသာနယ်မြေမီးသတ်စခန်းရှိ ဒေါင့်ဖန်းမီးငြှိမ်းသတ်ယာဉ်အကြီးစားပြင်ဆင်စရိတ်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က ချောင်းသာမြို့အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုဦးက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရခြင်းရည်ရွယ်ချက်နှင့် အကြီးစားပြင်ဆင်စရိတ် အလှူရှင်များအတွက် ကျေးဇူးတင်စကားပြောကြားပြီး ဒေါင့်ဖန်းမီးငြိမ်းသတ်ယာဉ်(1K/5389) အကြီးစားပြင်ဆင်ရန် ကူညီဆောင်ရွက်ပေးသော ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြင်ဆင်စရိတ်အလှူရှင်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ရာ ဌာနဆိုင်ရာများနှင့် အလှူရှင်များက လက်ခံရယူခဲ့ကြသည်။

ထို့နောက် ချောင်းသာမြို့ဟိုတယ်ဇုံကော်မတီဝင်များနှင့်တွေ့ဆုံ၍ မီးဘေးလုံခြုံရေးဆိုင်ရာညွှန်ကြားချက်များ ရှင်းလင်းပြောကြားခဲ့ပြီး ကော်မတီဝင်များ၏ သိရှိလိုသည့်ဆွေးနွေးမေးမြန်းမှုများနှင့် လိုအပ်သည်များကို ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)