ပိုင်ကျုံ မေ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းအဖွဲ့ဝင်များပူးပေါင်း၍ သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် အတွဲ(၅၀)၊ အမှတ် (၁၂) ဖြင့် မေလ ၂၆ ရက်နေ့က စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့်စာအုပ်ပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင်ဒေါ်ကြာစေးက စာရေးဆရာ ဒေါက်တာလွင့်သန့် ရေးသားသည့် အရက်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ဆောင်းပါးအား ဆွေးနွေးရာတွင် မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်များကို ဆွေးနွေးပြောကြားပြီး၊ နော်အဲနာမူးက မူးယစ်ဆေးဝါးသုံးစွဲခြင်း၏နောက်ဆက်တွဲဆိုးကျိုးများကို ဆက်လက်ဆွေးနွေးခဲ့သည်။ ထို့နောက်ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် အဖွဲ့ဝင်များတို့မှ မိမိတို့သိရှိသည့် အသိပညာများကို အပြန်အလှန် ဆွေးနွေးခဲ့သည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းကြောင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း အချင်းချင်းတစ်ဦးနှင့်တစ်ဦး စာပေအသိပညာများ နှီးနှောဖလှယ်နိုင်ပြီး အကောင်းအဆိုးများကိုလည်း ဝေဖန်ပိုင်းခြားလာနိုင်ပါကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)